Pages

Pages

ဆိပ်ဖြူမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး



MNP - မေ  ၂၅


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့က စတင်ထုတ်ချေးပေး နေကြောင်းသိရသည်။         


တောင်သူလယ်သမားများ၏ ဘဝမြင့်မားတိုးတက်စေရန် စိုက်ပျိုးသီးနှံများကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသဝမ်းစာဖူလုံစေရေး၊ ပြည်ပပို့ကုန်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မိသားစုဝင်ငွေများတိုးတက်ပြီး တောင်သူတို့၏ လူမှုဘဝမြင့်မားပြည့်စုံစေရန် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက် စိုက်ပျိုးရေးဆောင်ရွက်သူတောင်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအားအချိန်မီ ထုတ်ချေးပေးသွားမှာဖြစ်ပြီး တောင်သူများအတွက် မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲကျပ်၊ အခြားသီးနှံ တစ်ဧကလျှင် တစ်သိန်းကျပ် ထုတ်ချေးပေးကြောင်း တစ်နှစ်အတိုးငွေ ၅ ရာခိုင်နှုန်းသာ သတ်မှတ်ထားရှိကြောင်း ချေးငွေစတင်ထုတ်ချေးသည့် ပထမနေ့တွင် အခြားသီးနှံ ၁၆၃ ဧကအတွက် ငွေကျပ်၁၆၃သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရှိရသည်။


သတင်း - စိုးလင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment