ငပုတောမြို့နယ်တွင် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်တွင် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးဆောင်ရွက်

 


MNP - မေ   ၁၉


ငပုတောမြို့နယ် တွင်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက မေ ၁၉ ရက်နေ့က ရေကျော်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျေးရွာမျာသို့ သွားရောက်၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပူးပေါင်းပြီး ကူးစက်မှုကျဆင်းရေးအတွက် နေအိမ်များအတွင်း ရေစည်၊ ရေကန်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း အိမ်တွင်း/ အိမ်ပြင်နှင့် ရေနှတ်မြောင်းများ ရေတွင်း ရေကန် ရေအိုးများအတွင်း လောက်လန်များရှာဖွေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများအပြင် ခြင်များပေါက်ပွားမှုမရှိစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နုနုရီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)