လားရှိုမြို့ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုမြို့ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်





MNP - မေ   ၃၁


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက်(၁)၊ ထင်းရှူးမြိုင် အိမ်ရာအနီးရှိ စိုက်ခင်း အမှတ်၊ ၂/၁၉၉၉ စိုက်ခင်းဧရိယာအတွင်းကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှမအရာရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရန်ပျိုးပင်များပေးအပ်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဒေသခံပြည်သူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက် လာသူများက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကြည့်ရှု အားပေးခဲ့သည်။


ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပိတောက်၊ တမလန်း၊ ပျဉ်းကတိုး၊ ချယ်ရီ၊ ပျဉ်းပိတောက်၊ ခါတော် မီ၊ ကံ့ကော်၊ ထင်းရှူး၊ မဟော်ဂနီ၊ မယ်ဇလီနှင့် ဝါး စုစုပေါင်း သစ်မျိုး(၁၂)မျိုး စုစုပေါင်း (၂၁၂၁)ပင် စုပေါင်း စိုက်ပျိုးခဲ့ကြပြီး သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီအတွက် လူထုဖြန့်ဝေရန် ပျိုးပင် (၄၈၉၅၀၀) ပင်ပျိုးထောင်ထားကာ ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)