ပို့ကုန်ရငွေများ ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေညာချက်ထုတ်ပြန် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပို့ကုန်ရငွေများ ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေညာချက်ထုတ်ပြန်

105


MNP ၊ မေ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က အမိန့်ကြော်ငြာစာအမှတ်  ၂၇  / ၂၀၂၂ ယနေ့ (၂၀၂၂ ခုနှစ်၊ မေလ   ၆    ရက်) ရက်စွဲဖြင့် ပို့ကုန်ရငွေများ ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ဗဟိုဘဏ်ဥက္ကဋ္ဌ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားသည်။


ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် (၁၀-၁၁-၂၀၂၁) ရက်စွဲပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) တို့အရ ပို့ကုန် တင်ပို့သူသည် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ သုံးလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်နှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရရှိသူ (AD ဘဏ်များ) သည် ပို့ကုန်အမှန်တကယ် တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထား များအရ ကုန်စည်များကို သင်္ဘောတင်သည့် နေ့မှ သုံးလအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ/မရှိ ကို စိစစ်ရန် ပြဋ္ဌာန်းသတ်မှတ်ထားပါကြောင်း၊  ပို့ကုန်ရငွေအားလုံးကို ပို့ကုန်တင်ပို့သည့်နေ့မှ သုံးလအတွင်း နိုင်ငံတော်အတွင်းရှိ ပို့ကုန် တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေးဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များ အတွက် ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅) ရက်အတွင်း လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန် ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်နှင့်  လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-က အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages