MNP - မေ ၄
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့တွင် မြို့သာယာလှပရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက် ရေးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူ ခြင်းအတွက် အိတ်ဖွင့်တင်ဒါများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ပွင့်လင်း မြင်သာစွာ ဖွင့်လှစ်ခဲ့သည်။
အိတ်ဖွင့်တင်ဒါဖွင့်ပွဲတွင် သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်းက လျာထားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပစ္စည်း ဈေးနှုန်းတွေ ကွာဟမှု ကျဉ်းမြောင်းနိုင်ရေးအတွက် လုပ်ငန်းများ အဆင်ပြေစေရန်၊ တင်ဒါ အောင်မြင်ကြသူများအနေနဲ့လည်း သတ်မှတ်ထားသည့် တင်ဒါ စည်းကမ်းအတိုင်း ဆောင်ရွက် ပေးကြရန်နှင့် အရည်အသွေးပြည့်ဝသည့် ပစ္စည်းများပေးသွင်းကြရန်နှင့် လျာထားလုပ်ငန်းများ သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေးအတွက် သတ်မှတ်ကာလအရောက် ပေးသွင်းဆောင်ရွက်ပေး ကြရန်၊ တင်ဒါစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြား၍ ပစ္စည်းတင်ဒါများကို ပွင့်လင်း မြင်သာစွာ ဖွင့်လှစ်ခဲ့ကြသည်။
သရက်ချောင်းမြို့ သာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘိလပ်မြေ၊ ကျောက်ဆိုဒ်စုံ၊ သဲကြမ်း၊ သစ်ခွဲသား၊ သံချောင်းဆိုဒ်စုံ၊ အုတ်စသည့် တည်ဆောက် ရေး လုပ်ငန်းသုံးပစ္စည်းများကို တင်ဒါလုပ်ငန်းရှင်များ၏ အိတ်ဖွင့်တင်ဒါများအား တင်ဒါ ကြီးကြပ်ရေးအဖွဲ့မှ ပစ္စည်းအမျိုးအမည်အလိုက် ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ခဲ့ကြကြောင်း သိရ သည်။
သတင်း - နန်းခလိုက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment