Pages

Pages

တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး မြိတ်မြို့သားဖွားသင်တန်းကျောင်း အဆောက်အဦများအား ကြည့်ရှုစစ်ဆေး








MNP - မေ  ၂၇


တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့သားဖွားသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်း (၄)ထပ်အဆောက်အဦနှင့် အကြီးစားပြုပြင်တည်ဆောက်မည့် (၄)ခန်းတွဲ(၂)ထပ် ကျောင်းသူအိပ်ဆောင်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် သားဖွားသင်တန်းကျောင်း (၄)ထပ်အဆောက်အဦအား ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်း တာဝန်ခံနည်းပြ ဒေါ်ယုယုမော် က စာသင်ခန်းများ၊ ခန်းမဆောင်၊ စာကြည့်တိုက်၊ သားဖွားအတတ်ပညာ ကျွမ်းကျင်မှုလက်တွေ့လေ့ကျင့်ခန်းနှင့် အကြီးစား ပြုပြင်တည်ဆောက်မည့် (၄)ခန်းတွဲ(၂)ထပ် ကျောင်းသူအိပ်ဆောင်တို့ကို လိုက်လံပြသရာဝန်ကြီးမှ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။


အကြီးစားပြုပြင်တည်ဆောက်မည့် (၄)ခန်းတွဲ(၂)ထပ် ကျောင်းသူအိပ်ဆောင်ကို ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်ရန်ပုံငွေ ကျပ်သန်းပေါင်း (၄၄)သန်းကျော်ဖြင့် ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသင်တန်းကျောင်းမှသိရသည်။


ထို့အတူ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြိတ်မြို့ရှိ သံဃာ့ဆေးရုံဝင်း အတွင်း/အပြင်နှင့် သီတဂူစက္ခုဒါန သံဃာ့ဆေးရုံခွဲစိတ်ဆောင်၊ ကုတင်(၅၀)ဆံ့ အမျိုးသားနားနေဆောင်နှင့် ကုတင်(၅၀)ဆံ့ အမျိုးသမီးနားနေဆောင်တို့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)၊တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment