ပျော်ဘွယ်မြို့နယ်တွင် လေပြင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ဘုရားထီးတော်မြေခခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းများဖြစ်ပွား - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပျော်ဘွယ်မြို့နယ်တွင် လေပြင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ဘုရားထီးတော်မြေခခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းများဖြစ်ပွား

11

12


MNP - မေ   ၂

ပျော်ဘွယ်မြို့နယ်အတွင်း ဧပြီလ(၃၀)ရက်နေ့ ည(၇)ခွဲ အချိန်ခန့်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဘုရားစေတီ ထီးတော်မြေခခြင်း၊ နေအိမ်အချို့ ပျက်စီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုဒဏ် ခံစားခဲ့ရကြောင်းသိရသည်။

ထိုကဲ့သို့ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် သနပ်ခါးတောအုပ်စု၊ ဥစ္စာနွယ်အုပ်စု၊ သိမ်ကုန်းအုပ်စု၊ ဂွေးပင်ရိုးကျေးရွာ၊ တွင်းရွာအုပ်စု၊ ဘုရားကြီးအုပ်စု၊ ကျောက်ဆည်အုပ်စု၊ ဆူးချင်ကုန်းအုပ်စုအတွင်းရှိကျေးရွာများမှ နေအိမ်(၆၈)လုံးတို့မှာ နေအိမ်များပျက်စီးခြင်း၊ လျှော်ဖြူကုန်း(ရ)ကျေးရွာမှ ဘုရားတစ်ဆူ ထီးတော်မြေခခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် ဥစ္စာနွယ်ရွာအတွင်းရှိ စာသင်ကျောင်း(၁)ကျောင်း၊ ဆူးချင်ကုန်းကျေရွာရှိ စာသင်ကျောင်း(၁)ကျောင်း တို့မှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပျက်စီးခြင်းများကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ် ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များနှင့် သက်ဆိုင်ရာအုပ်စုအတွင်းရှိ ကျေးရွာပြည်သူများစုပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်လျက်ရှိကြောင်း သိရသည်။

သတင်း - မင်းမင်းထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages