ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနား သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနား သို့တက်ရောက်




MNP ၊ မေ ၂၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမ သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ၁၉-၅-၂၀၂၂ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်၏ ဂုဏ်ဆောင် လွိုင်ကော်တက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံအထူးပြု ဘာသာရပ်ဌာန (၁၃)ဌာနရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ စီးပွားရေးပညာဌာနကို တိုးချဲ့ဖွင့်လှစ်နိုင်သည့်အပြင် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည့် ဘွဲ့ရအသုံးချ ဘာသာရပ် (Bachelor of Tourism Studies) သင်တန်းဖွင့်လှစ်ပို့ချ နိုင်ရေးကိုလည်း ပညာရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာအခြေပြု ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိုင်ငံတိုင်း အမျိုးသားအကျိုးစီးပွားကို အကောင်အထည် ဖော်ရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကကျသော အခန်းကဏ္ဍဖြစ်ကြောင်း၊ ပညာသင်ကြားမှုသည် ကျောင်းသား၊ ကျောင်းသူတိုင်း၏ အနာဂတ် ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အနာဂတ်လည်းဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်ပေးမည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း မည်ဖြစ်ပြီး ဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားပေးရမည့် ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်တွင် နိုင်ငံတော်မှ အားထားရမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရန် ဦးတည်ချက် ထားသင်ကြားသွား ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်နှင့် အားလုံးလက်တွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား မြွက်ကြားခဲ့သည်။ 

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော် တက္ကသိုလ်သို့ ထောက်ပံ့ငွေ (၁၅) သိန်းနှင့် ကိုဗစ်ကာကွယ်ရေးသုံးဆိုင်ရာ ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် နီလင်းအောင်က ထောက်ပံ့ငွေ (၅) သိန်းကျပ်နှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ လွိုင်ကော်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်က လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး လွိုင်ကော်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်က ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားခဲ့ပြီး သိပ္ပံဘာသာရပ်များကိုယ်စား သင်္ချာဌာန၊ ပါမောက္ခ (ဌာနမှူး) နှင့် ဝိဇ္ဇာ    ဘာသာရပ်များ ကိုယ်စားဥပဒေပညာဌာန၊  ပါမောက္ခ(ဌာနမှူး) တို့က မောင်မယ်သစ်လွင်များအား  ပညာရပ်အသီးသီးတွင် သင်ကြားပေးမည့်  ဘာသာရပ်များ၊ လက်တွေ့အသုံးချနိုင်သည့် နယ်ပယ်များအကြောင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆရာ၊ ဆရာမ သစ်လွင်များနှင့် မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားပြီး စာသင်ခန်းများ တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် စာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)