MNP ၊ မေ ၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်၊ မေယုရတနာဘုန်းတော်ကြီးကျောင်းခြံဝင်းရှိ တိုက်ပွဲရှောင်စခန်း၌ ယနေ့ နံနက်ပိုင်းအ ချိန်က စပါးကြီးမြွေတစ်ကောင်အားတွေ့ရှိသဖြင့် ကန်တော်ကြီးပတ်ဝန်းကျင် ဘေး လွတ်သည့်နေရာသို့ ပြန်လည်လွှတ်ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဇော်အောင်နှင့်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တိုက်ပွဲရှောင်စခန်းမှတာဝန်ရှိ လူကြီးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စပါးကြီးမြွေသည် အလျား (၆)ပေခန့်နှင့် လုံးပတ်မှာ (၁၀)လက်မခန့် ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရ သည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment