ဆင်ပေါင်ဝဲမြို့နယ်၊ မင်းကန်ကျေးရွာ၌ မိုးရေခံ ကွန်ကရစ်ကန် ဂါလံ(၂၀၀)ဆံ့ အလုံး(၁၀၀) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၊ မင်းကန်ကျေးရွာ၌ မိုးရေခံ ကွန်ကရစ်ကန် ဂါလံ(၂၀၀)ဆံ့ အလုံး(၁၀၀) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ





MNP - မေ   ၂၃


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သောက်ရေရှားပါးသော ကျေးရွာများအား သန့်ရှင်းသောသောက်ရေ သိုလှောင်နိုင်စေရန်ရည်ရွယ်၍ စစ္စေးချောင်းကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာတွင်ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် ၁၀၀ လုံးဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့က မင်းကန်ကျေး ရွာ၊အ.လ.ကကျောင်းတွင်‌ အဆိုပါကွန်ကရစ်ကန်များအား ကျေးရွာသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အမှာစကားပြောကြားပြီး မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ဇော်လတ်မှ မိုးရေခံကွန်ကရစ်ကန်များ ပေးအပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ထို့နောက် မိုးရေခံကွန်ကရစ်ကန် အလုံး(၁၀၀)နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးမှူးတို့မှ လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။


သတင်း - နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)