ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ







MNP ၊ မေ   ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို ယနေ့နံနက်( ၉)နာရီအချိန်က ဘူးသီးတောင်မြို့ အမှတ်( ၁)အခြေခံ ပညာအထက်တန်းကျောင်း မေယုရတနာခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးမှ အဖွင့်အမှာစကား ပြောကြားပြီးမြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်မှကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်းများအားရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်၊မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းသိန်းနှင့်တာဝန်ရှိသူများက ဘူးသီးတောင်မြို့နယ်ရှိအခြေခံပညာကျောင်းများမှဆင်းရဲနွမ်းပါးကျောင်း သား/ ကျောင်းသူ (၆၀ )ဦးတိုအားကျောင်းဝတ်စုံနှင့်ဗလာစာအုပ်များ ထောက်ပံပေးကြသည်။ 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ပညာရေးမှူးနှင့်ဆရာ/ ဆရာမများ၊ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ၂၀၂၂-၂ ၀၂၃ ပညာသင်နှစ်အတွင်းအထက်တန်း ကျောင်း(၆) ကျောင်း ၊အထက်တန်း ကျောင်း(ခွဲ)(၇)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ)(၁၆)ကျောင်း၊ မူလွန်(၈၂) ကျောင်း၊မူလတန်းကျောင်း (၅၃)ကျောင်းနှင့်မူလတန်းကျောင်း(ခွဲ)(၄၂) ကျောင်းပေါင်း(၂၁၀)ကျောင်း ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)