Pages

Pages

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ ချောင်းဆုံမြို့နယ်ရှိ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှပ်ခြင်းနှင့် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

 


MNP - မေ  ၂၆


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ဒေါင်းရပ်အရှေ့ကျေးရွာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧပြီလကစိုက်ပျိုးထားရှိ သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှပ်ခြင်းနှင့် မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်ကကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများနှင့် တောင်သူလယ်သမားများ တက်ရောက် သည်။


ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်းရှိ အစိုဓါတ်ကို ထိန်းသိမ်းပေးနိုင်ခြင်းကြောင့် မြေသားဖွဲ့စည်းမှု တိုးတက် ကောင်းမွန်စေပြီး သီးနှံအထွက်တိုးနှုန်း မြှင့်တက်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သီးနှံစိုက်စွမ်းအား တိုးတက်စေရန် စိုက်ပျိုးမြေများအား သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်သည့် အပြင် လစ်လပ်မြေနေရာများကိုပါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေဩဇာသုံးစွဲရေး နည်းစနစ်များကို စိုက်ပျိုးရေးဌာနမှလည်း နည်းပညာပံ့ပိုးပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သီးနှံအထွက်နှုန်းကို တိုးတက်ထုတ်လုပ်ရုံမျှမက အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကိုပါ ထုတ်လုပ်နိုင်ပြီး တောင်သူများ ဝင်ငွေတိုးစေရန် အဖက်ဖက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက လယ်ဧက (၃၀၀) စိုက်ပျိုးနိုင်ရန်အတွက် ဒေါင်းရပ်အရှေ့ပိုင်းကျေးရွာရှိ တောင်သူ (၁၁၃) ဦးအား တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့်  မျိုးစပါးတင်း (၃၀၀) အားပေးအပ်ခဲ့ကာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှပ်ခြင်း လုပ်ငန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment