ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူဦးကြီးများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများစတင် ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ တောင်သူဦးကြီးများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများစတင် ထုတ်ချေးပေး



MNP - မေ   ၁၉


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ  တောင်သူဦးကြီးများအား  မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့၊ နေ့လည်(၁၂)နာရီမှစ၍ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိသည်။


မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရာတွင်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်သန်းသန်းညွန့်က ယခင်နှစ်ချေးငွေများအား အချိန်မီပြန်လည်ပေးဆပ်နိုင်သည့် တောင်သူဦးကြီးများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်း၊


တောင်သူဦးကြီးတို့အနေဖြင့် သီးနှံပေါ်ချိန်တွင် ချေးငွေများကို အချိန်မီ ပြေကျေစွာ ပေးဆပ်ကြပြီး၊ ချေးငွေသစ် ထပ်မံရယူခြင်းဖြင့်  စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ သုံးစွဲကြရန်နှင့်ချေးငွေစာချုပ်ပါ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာနှင့် ဝန်ထမ်းများက တောင်သူဦးကြီးတို့အား ချေးငွေများ ထုတ်ချေးပေး ကြသည်။


အဆိုပါချေးငွေ ထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဘဏ်ခွဲအနေဖြင့် အောင်ဖြူပြင်ကျေးရွာအုပ်စုမှ တောင်သူ ၇၃ ဦးအား လယ်ဧက ၄၄၇ ဧကအတွက် ချေးငွေ ၆၇၀၅၀၀၀၀ ကျပ်သိန်းကို ထုတ်ချေးပေးခဲ့ပြီး၊ ယခင်နှစ် ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန်များပြေကျေစွာပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေး ပေးသွားမည်ဟု ပုဏ္ဏားကျွန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။


သတင်း - နီထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)