သိန္နီမြို့တွင် မိုးရာသီအကြို စိမ်းလန်းစိုပြည်ရေး စုပေါင်း သစ်ပင်စိုက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့တွင် မိုးရာသီအကြို စိမ်းလန်းစိုပြည်ရေး စုပေါင်း သစ်ပင်စိုက်ပွဲ ကျင်းပ






MNP - မေ   ၂၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် သစ်တောဦးစီးဌာနမှ ပတ်ဝန်ထိန်းသိမ်းကာကွယ်ရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်ကျင် စိမ်းလန်းစိုပြေနိုင်စေရေးတို့အတွက် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့ နံနက် ၇ နာရီ အချိန်က သိန္နီမြို့ အမှတ်(၁)၊ အခြေခံပညာအထက် ကျေိာင်းတွင် စုပေါင်းစိုက်ပျိုးခဲ့သည်။        


အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမ များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ သိန္နီမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဒေသခံပြည်သူပြည်များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ စုစုပေါင်း အင်အား (၄၁၈)ဦး တက်ရောက် စိုက်ပျိုးကြသည်။


အခမ်းအနားတွင်  အမှတ်(၁၆)ခြေလျင်တပ်မဟာ၊ ဒုတိယဗိုလ်မှူးကြီး ဝင်းကို၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးနေလင်းထွန်း၊  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းမင်းသစ်၊ မြို့နယ် စီမံချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကိုကို၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ဇော်လင်းတို့က တက်ရောက်လာသူများထံသို့  စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သတ်မှတ်ထားသော နေရာများတွင် ပျိုးပင်များကို စုပေါင်း စိုက်ပျိုးကြသည်။ သစ်ပင်စိုက်ပွဲတော်တွင် ရေသင်းဝင်(၂၅၀)ပင်၊ ချယ်ရီ( ၆၁)ပင်၊ ကံ့ကော် (၁၈)ပင်၊ ကျွန်းပင်(၇၃)ပင်၊ ခါတော်မီ(၃၃)ပင်၊ ခရေပင်(၁၈)ပင်၊ ယမနေပင်(၅၀)ပင်၊စုစုပေါင်း(၅၀၃)ပင်ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


သတင်း - စောဥမ္မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)