မန္တလေးတိုင်းဒေသကြီးအတွင်း အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊ သီလရှင် ၁၃၈၂ပါး ဖြေ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအတွင်း အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊ သီလရှင် ၁၃၈၂ပါး ဖြေ ဆို



MNP -  မေ   ၁

အစိုးရဓမ္မာစရိယစာမေးပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန၁၀ခုဖြင့်   ယမန်နေ့ နေ့လည် ၁၂နာရီမှ စတင်ကျင်းပခဲ့ရာ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(ပထမနေ့) ဘာသာရပ်အား ဖြေဆိုသည့်နေ့တွင် ရဟန်း၊ သီလရှင် ၁၃၈၂ပါး ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် သက်ဆိုင်ရာစာစစ်ဌာနအလိုက် အထူးကြီးကြပ်ဆရာတော်များ၊ ကြီးကြပ်ဆရာတော်များ၊ အထွေထွေဝန်ဆောင်ဆရာတော်များနှင့် သာသနာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ကာ အလှူရှင်များမှ ဆွမ်းအလှူငွေ၊ ဖျော်ရည်နှင့် အခြားလှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - ထိပ်ထားနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)