ဇီကုန်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီကုန်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ





MNP -  မေ  ၂၉


"၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ  မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အခြေခံပညာ အထက်တန်း ကျောင်း(အ.ထ.က-ဇီးကုန်း)၌ ယနေ့နံနက် ၉ နာရီကကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းအုပ်ဆရာ ဆရာမကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာကျောင်းမှ ဆရာဆရာမများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင်" ကျောင်းသားကျောင်းသူများ လုံခြုံစိတ်ချအေးချမ်းစွာပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ကျောင်းသားများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံးရေးကိစ္စများကို စိစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပညာရေးရည်မှန်းချက်ဆောင်ရွက်မှု ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ်ဆရာ/ဆရာမကြီးများထံပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)