Pages

Pages

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးရမိ


MNP ၊ မေ ၂၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက် ရှိရာ မေ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံ ခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ‌‌ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ထန်းတပင်-သီတာ အေးလမ်းတိုးဂိတ်အနီး၌တရား မဝင်ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးချပ်အပိုင်းအစများ ၀ ဒသမ ၉၄၂၈တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၂၂၄၈)နှင့် အဆိုပါ သစ်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၂၂၂၄၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ မေ ၂၆ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သောစစ်‌ဆေးရေးအဖွဲ့ကစစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်အတွင်းတရားမဝင် ကျွန်းခွဲသား ၀ ဒသမ ၄၃၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့အတူ မေ ၂၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌တာဝန်ကျ စစ်ဆေးရေးအဖွဲ့ကစစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ကားတာယာများနှင့် ဆပ်ပြာမှုန့်ထုပ်များ(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၀၉၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံ ခန့်ခွဲမှုဖြင့်စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သောအဖွဲ့က ယင်းမာပင်မြို့နယ်အတွင်းလိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သစ်တောဦးစီးဌာနဦးဆောင်သောအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင်ပိတောက်ခွဲသား ၉ ဒသမ ၅၆၇၀ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၁၄၂၂၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၆၄၂၂၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။      


သို့ဖြစ်ပါ၍ မေ ၂၅ ရက်၊၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ ခြောက်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၂၅၀၆၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment