မြဝတီမြို့၌ အများပြည်သူစားသုံးရန်မသင့်သောစားသာက်ကုန်ဘီယာနှင့် ယားနာလိမ်း ဆေးများဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ အများပြည်သူစားသုံးရန်မသင့်သောစားသာက်ကုန်ဘီယာနှင့် ယားနာလိမ်း ဆေးများဖျက်ဆီး


MNP - မေ  ၂၈


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်  အများပြည်သူများဘေးအန္တရာယ်ဖြစ်စေပြေး စားသုံးရန် မသင့်သော စားသောက်ကုန် ဘီယာများနှင့် ယားနာလိမ်းဆေးများအား ဖျက်ဆီး ဆောင်ရွက်ခြင်း ကိုယမန်နံနက်၁၀နာရီကမြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး တံတားဝင်း အတွင်း Cargoဘက်ခြမ်းတွင်လမ်းကြိတ်စက်ယာဉ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါပြည်သူများ စားသုံးရန်မသင့်သည့် စားသောက်ကုန်ဘီယာနှင့်ယားနာလိမ်းဆေးများ အားဖျက်ဆီးဆောင်ရွက်ရာတွင်မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း ဦးဆောင်၍မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောသန်းအောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်း၊ မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိဦးဇင်သူ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးဝင်းသီဟ၊မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောဝင်းနောင်တို့က စားသောက် ကုန်များ ဖျက်ဆီးရာတွင်ကြီးကြပ် ဆောင်ရွက်ပေးခြင်းဖြစ်သည်။


ထိုသို့ ဖျက်ဆီးရာတွင် တန်ဖိုးငွေကျပ် ၂၂၈ သိန်း ၆ သောင်း တန်ဖိုးရှိ ဘီယာများနှင့် ယားနာလိမ်းဆေးများအား ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)