Pages

Pages

အင်္ဂပူမြို့နယ်၊ ကျွဲ‌သောင်ကျေးရွာမှ‌ လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်



MNP - မေ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲ‌သောင်ကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကျွဲ‌သောင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ထောက်ပံ့ပေးအပ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့တို့က သွားရောက်ထောက်ပံ့ပေးအပ်ရာ လေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့သည်။


မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးကြောင့် ပြိုကျအိမ်ခြေ (ဝါးအိမ်-၁)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၈)လုံး၊ စုစုပေါင်း အိမ်ထောင်စု(၉)စုရှိ လူဦးရေ (၃၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၆၀၀၀ဝ)ကျပ်၊ (၇)ရက်စာ ဆန်ရိက္ခာဖိုး (၇၁၄၀ဝ)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၄၃၁၄၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးနှင့် (Surgical Mask) (၆၈)ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment