၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား သံတွဲ၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား သံတွဲ၌ကျင်းပ








MNP ၊ မေ ၂၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၈ ရက်နေ့ နံနက် ၉ နာရီက သံတွဲမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌကိုယ်စား အဖွဲ့ဝင်(၂)ဦးလှဟန်က အဖွင့်အမှာ စကား ပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါကြောင့်ကျောင်းများပိတ်ထားသည်မှာ (၂) နှစ်ခန့်ရှိပြီဖြစ်သဖြင့် ကျောင်းသားမိဘများအနေဖြင့် မိမိတို့သားသမီးတို့ ပညာရေးအတွက် စိုးရိမ်လျက် ရှိကြပါကြောင်း ၊ သို့ဖြစ်ပါ၍ ယခုနှစ်တွင် ကျောင်းနေအရွယ်တိုင်းကလေးတိုင်း ကျောင်းအပ်နှံ ပေးကြ ရေးအတွက်တိုက်တွန်းလိုပါကြောင်း ၊ ယခုအခါမျိုးဆက်သစ်ကလေးများ၏ ပညာရည်  မြင့်မားလာစေ ရေးအတွက် သင်ရိုးသစ်သင်ခန်းစာများကို သင်ကြားနည်းစနစ်မှန်ကန်စွာ သင်ကြား နိုင်ရေးအတွက် အခြေခံ ပညာ ဆရာ၊ ဆရာမများကို သင်တန်းများပေးပြီးဖြစ်ဖြင့်ကျောင်းသား  ၊ကျောင်းသူလေးများကို ထူးချွန် တတ်မြောက်အောင် သင်ကြား ပို့ချပေးကြစေလိုကြောင်းနှင့် ကလေးများ၏ပညာရည်တိုးတက်မြင့်မားရေးတို့အတွက် ဆရာ၊ ဆရာမများ ၊ကျောင်းသားမိဘများနှင့် လူမှုအဖွဲ့အစည်းများအားလုံးပူးပေါင်းဆောင်ရွက် ပေးကြ စေလိုကြောင်းပြောကြားသည်။ 

ထို့နောက် ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက် ပညာရေးမှူး  ဦးသန်းဝင်းက ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကျင်းပရခြင်းနှင့် ကျောင်းနှံပြီးစီးမှု အခြေ အနေ များကိုရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှဟန်၊ လက်ထောက် ပညာရေးမှူး ဦးသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအတွက် ဗလာ စာအုပ်၊ ပုံနှိပ်စာအုပ်များနှင့် Mask များကို ပေးအပ်ကြရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူလေးများက လက်ခံရယူခဲ့ကြပြီး သံတွဲမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးထွန်းထွန်းနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရသည်။ 

သံတွဲမြို့နယ်အတွင်း အထက်တန်းကျောင်း(၁၀)ကျောင်း၊ အထက(ခွဲ) ၅ ကျောင်း၊ အလက(၉) ကျောင်း ၊ အလက(ခွဲ) ၅ ကျောင်း၊ မူလွန်(၂၃)ကျောင်း၊ အမက(၁၄၅)ကျောင်း၊ အမက(ခွဲ) ၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း ( ၂၀၀)ရှိပြီး မေ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ( ၉၃၂၅) ဦး ကျောင်းအပ်နှံပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

                                                                                                     

သတင်း - သန့်ဇင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)