ကန်ကြီးထောင့်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မူလတန်းကျောင်းဆောင်ပေါ်သို့ သစ်ပင် လဲကျမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မူလတန်းကျောင်းဆောင်ပေါ်သို့ သစ်ပင် လဲကျမှုဖြစ်ပွား

 




MNP - မေ   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒီးဒုတ်ကျေးရွာအုပ်စု၊ ကျွဲခေါင်းကျေးရွာတွင် မေလ ၂၆ ရက်နေ့ ညနေ ၅နာရီ အချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် အ.မ.က ကျွဲခေါင်း  စာသင်ကျောင်း၏ အလျား  (၆၀)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၅)ပေ   RC တစ်ထပ် စာသင်ကျောင်းဆောင်ပေါ်သို့  (စစ်ပင်အမျိုးအစား) သစ်ပင်လဲကျမှုဖြစ်ပွါးခဲ့သဖြင့် သွပ်၊ မျက်နှာကျက်၊ ထုတ်၊ ယောက်  အနည်းငယ် ပျက်ဆီးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးမှာ ခန့်မှန်း ၃ သိန်းကျပ်ခန့်ဖြစ်ပြီး လူ၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။


အဆိုပါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ လဲကျသစ်ပင်အား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ စာသင်ကျောင်း မိဘဆရာအသင်းနှင့် ကျောင်းသားမိဘပြည်သူများမှ စုပေါင်းဖယ်ရှားရှင်းလင်း ဆောင်ရွတ်လျက်ရှိပြီး ကျောင်းအပ်နှံရေးနှင့် ကျောင်းဖွင့်လှစ်နိုင်ရေး  ပုံမှန်အတိုင်း  ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သတင်းရရှိသည်။


သတင်း - မဇင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)