အိမ်မဲမြို့နယ်တွင် (၅၃)ကြိမ်မြောက် စူဠဘွဲ့နှင်းနှင့် စာအောင်ဆုနှင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် (၅၃)ကြိမ်မြောက် စူဠဘွဲ့နှင်းနှင့် စာအောင်ဆုနှင်းအခမ်းအနားကျင်းပ




MNP - မေ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဓမ္မာ့ရိပ်သာအမှတ်စဉ်(၂၉)တွင် (၅၃)ကြိမ်မြောက်စူဠဘွဲ့နှင်းနှင့် စာအောင်ဆုနှင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက မဟာစည်သာသနာ့ရိပ်သာကျောင်း မြို့နယ်သံဃနယကဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ဘုရားမှ သြဝါဒကထာချီးမြှင့်ပေးခဲ့သည်။


ထို့နောက်ကြွရောက်လာသောဆရာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များကနဝကမ္မဝတ္ထု ငွေများဆက်ကပ်ပြီး စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် နဝကမ္မဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးခဲ့သည်။


၁၃၈၃ ခုနှစ် (၅၃)ကြိမ်မြောက် မြို့နယ်ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲတွင် အကြီးတန်း အောင်(၆)ပါး၊ အငယ်တန်းအောင်(၅)ပါး၊ အငယ်တန်းအောင်(၁၄)ပါး၊ မူလတန်းအောင်(၇)ပါး၊ အခြေပြုမူလတန်းအောင်(၁၁)ပါးတို့ အောင်မြင်ခဲ့ကြောင်းသိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)