Pages

Pages

အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ ကာလတိုသင်တန်း အပတ်စဉ် (၂/၂၀၂၂) ဖွင့်လှစ်




MNP - မေ   ၂၁


ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ တစ်ဦးချင်းဝင်ငွေများမြင့်မားလာစေရေးအတွက် ကာလတိုသင်တန်း အပတ်စဉ် (၂/၂၀၂၂) အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် ဆံပင်ညှပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) ADRA အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ခေတ်တွင် နည်းပညာနှင့်သက်မွေးပညာရပ်များသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လာနေပြီး ကာလတိုသက်မွေးပညာသင်တန်းများသည် အလုပ်အကိုင်များအတွက် လုံလောက်သည့်အသိပညာခံယူချက်နှင့် အရည်အချင်းပြည့်ဝစေရန်သင်ကြားပေးကာ ကိုယ်ပိုင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးမှုပြသနာကို ဖြေရှင်းပေးနိုင်ပြီး ဒေသတွင်းစီးပွားရေးဈေးကွက်ဖော်ဆောင်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်ယူပြီးမြောက်သည့်ပညာရပ်များကို မိမိတို့၏လူမှုပတ်ဝန်းကျင် တွင်ပြန်လည်အသုံးချခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ဝင်ငွေနှင့်လူမှုစီးပွားဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ယနေ့ဖွင့်လှစ်သည့် ကာလတိုသင်တန်းများတွင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းတွင် သင်တန်းသား ၂၀ ဦး၊ ဆံပင်ညှပ်သင်တန်းတွင် သင်တန်းသား ၁၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မေလ ၁၇ ရက်မှ ဇွန်လ ၁၃ ရက်နေ့ထိ ကြာမြင့် မည်ဖြစ်ကာ ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပြသပေးသွားမည်ဖြစ်မည်။


သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် ဆံပင်ညှပ်သင်တန်းတို့တွင် စာတွေ့၊လက်တွေ့ သင်ကြားပို့ချနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသားများ အားရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment