Pages

Pages

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ






MNP -  မေ   ၂၁


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်သူများအား သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ လေကောင်းလေသန့်များရရှိစေရန်၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတုကောင်းမွန်လာစေရန်အတွက်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲက မိုးညှင်းတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ကိုကိုဝင်းတို့က တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများထံသို့ စိုက်ပျိုးကြမည့်ပျိုးပင်များ အသီးသီးပေးအပ်ကြသည်။


ထို့နောက် မိုးညှင်းတပ်နယ်မှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းနှင့် ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူများက တက္ကသိုလ်ကျောင်းဝင်းအတွင်း သတ်မှတ်နေရာများ၌ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက အရိပ်ရသစ်ပင်များဖြစ်သည့် ကျွန်းပင် (၁၀၀)၊ ပျဉ်းကတိုးပင် (၁၀၀)၊ ယမနေပင် (၅၀)နှင့် ယင်းမာပင် (၅၀)စသည် စုစုပေါင်းသစ်ပင် (၃၀၀)ပင်တို့ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


သတင်း- ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment