ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

045

041

040

038

037

MNP ၊  မေ  ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံအပ်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထန်းပင်ချောင်ကြီးကျေးရွာ မီးလင်းရေး ရုံး၌ဖွင့်လှစ်ခဲ့သည်။


ဖွင့်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိုက်ထွန်းက စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းဖြင့်‌အမျိုးသမီးငယ်များအပိုဝင်ငွေတိုးလာခြင်း၊အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး တန်းတူစီးပွားရှာနိုင်မည်ဖြစ်ကြောင်းအမှာစကားပြောကြားသည်။


ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးဦးကျော်ကျော်လတ် ကသင်တန်း‌ကိုနိုင်ငံတော်ကငွေကြေး(၂.၆၄၂)ကျပ်သန်းအကုန်ကျခံပြီးဖွင့်လှစ်ထားသည့်အတွက်သင်တန်းသူများအနေဖြင့်ပြီးဆုံးသည်ထိတက်ရောက်ကြရန် နှင့်စည်းမျဉ်းစည်းကမ်းများကိုလိုက်နာကြရန်မှာကြားသည်။


သင်တန်းကို သင်တန်းသူ (၁၅)ဦးတက်ရောက်ကာ သင်တန်းကာလမှာ(၄၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန်ရည်ရွယ်၍အခြေခံ အပ်ချုပ်သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကျေးလက်ဦးစီးဌာနမှသိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages