ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၂၁၃၁)ရှိပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၂၁၃၁)ရှိပြီးဖြစ်

 



MNP - မေ   ၂၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ရှမ်းရွာသစ်မြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံပေးလျက်ရှိပြီး မြို့အတွင်းရှိဒေသနေပြည်သူများ ကာကွယ် ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသောကျေးရွာအုပ်စုများ၊ သွားလာရခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် ဒေသနေပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁၄၀၆)ဦးနှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၇၂၅)ဦးရှိပြီဖြစ်ကြောင်း သိရသည်။


ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ကျေးရွာအုပ်စုတာဝန်ရှိသူများတို့ကပူးပေါင်း၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)