Pages

Pages

ကျွန်းစုမြို့တွင် လူမှုရေးရာအသိပညာပေးသင်တန်း ဖွင့်လှစ်





MNP - မေ  ၂၅


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လူမှုဝန်ထမ်းရုံး၌ လူမှုရေးရာအသိပညာပေးသင် တန်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


“နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူ့တစ်ရပ်လုံးသည် ရရှိခံစားခွင့်ရှိသော အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြုနားလည်လက်ခံသည့်စနစ်များ၊ ဖွဲ့စည်းပုံများနှင့်လုပ်ထုံးလုပ်နည်းများ အကောင် အထည်ဖော်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်သည်”ဟု မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးစီးအရာရှိ ဒေါ်သီနွဲ့ထံမှ သိရသည်။ သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကို စတင်သင်ကြားပို့ချခဲ့သည်။


 အဆိုပါ သင်တန်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးစီးအရာရှိ ဒေါ်သီနွဲ့နှင့် ပုလောမြို့ နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးစီးအရာရှိ ဒေါ်သီသီအေးတို့က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်း၊ ‌သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစု စောင့်ရှောက်ရေးလုပ်ငန်း၊စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတို့ကို တစ်နေ့တာသင်ကြားပို့ချမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်အသီးသီးမှ စိတ်ပါဝင်စားသူ (၄၀)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။


သတင်း - စည်သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment