မိုင်းဖြတ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 




MNP - မေ   ၃၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်သည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်တီဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်ဆင်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၃ဒဿမ၃၀)သန်းဖြင့် မြို့နယ် စည်ပင်သာယာရေးဌာနမှဆောင်ရွက်သည့်  အလျား ၄၈၀ပေ၊ အမြင့် ၅ပေရှိ  အမှိုက်ကွင်းမြေနေရာ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၁၅ဒဿမ၇၉၀) ကျပ်သန်းဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး ခြံစည်းရိုးကာရံခြင်းကို  Twin Brothers Thitsar ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အလျား ၂၄၅ပေ အတိုင်းတာရှိ အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေး ဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ခွင့်ပြုရန်ပုံငွေ (၅ဒဿမ၁၀)သန်းဖြင့် အလျား ၂၅၅ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၉လက်မရှိ အရှေ့မြို့ပတ်လမ်း ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ(၉ဒဿမ၃၅)သန်းဖြင့် လမ်းအရှည် ၄၇၅ပေ၊အကျယ် ၁၂ပေ၊ ထု၉လက်မ ရှိ ဈေးတန်း (ကွက်သစ်) (၁၇)လမ်း ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ (၈ဒဿမ၇၉)သန်းဖြင့် လမ်းအရှည် ၄၄၅ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မရှိ သုသာန်သွားလမ်း  ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  


သတင်း - သန်းထွန်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)