ဥတ္တရသီရိမြို့နယ်အတွင်းစိုက်ပျိုးရေး၊မွေးမြူရေးဖွံ့ဖြိုးတိုးတက်မြင့်မားရေးတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်အတွင်းစိုက်ပျိုးရေး၊မွေးမြူရေးဖွံ့ဖြိုးတိုးတက်မြင့်မားရေးတွေ့ဆုံဆွေးနွေး

 


MNP - မေ  ၂၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မြင့်မားရေး အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဥတ္တရသီရိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂)ဦးဇေယျာလင်းက ဥတ္တရသီရိ မြို့နယ် အတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တောင်သူများအနေဖြင့် လယ်ယာမြေဧကများရာ သီမရွေးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေ ရရှိရေးကို အလေးထားဆောင်ရွက်ပေးရန်လိုကြောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများဒေသဝမ်းစာဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးတို့အတွက် တောင်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြ ရန်လိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ၊ နေပြည်တော် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး ဒေါ်မိုးမိုးအေး တို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်း ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ဒေသဆိုင်ရာ အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက်လုပ်ငန်း‌ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂)  ဦးဇေယျာလင်းက ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ ကြောင်းသိရသည်။


သတင်း - ကျော်စွာဟိန်း


မြန်မာနေရှင်နယ်ပို့စ်                                                                     

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)