သာကေတမြို့နယ်၌ “သာကေတမြို့နယ်ခန်းမ”ဆောင် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၌ “သာကေတမြို့နယ်ခန်းမ”ဆောင် ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - မေ   ၂၇


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန  (အဆောက် အအုံ)မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် အမှတ်(၉) ရပ်ကွက်၊ ရှုခင်းသာလမ်း၊ ကမာကြည် တံတားအနီးတွင် တည်ရှိသည့် “သာကေတမြို့နယ်ခန်းမ” အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့နံနက် (၁၀)နာရီ၌ နမောတသ (၃)ကြိမ် ရွတ်ဆိုဘုရား ကန်တော့ပြီး ဖွင့်လှစ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းသံဃာနာယက ဥက္ကဋ္ဌ ဆရာတော် တိပိဋကလင်္ကာရ ကျောင်းတိုက်၏ ဦးစီးနာယက ဆရာတော်ဒိပိကဓရ အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂသာမ အရှင်သူမြတ်အမှူးပြုသော ဆရာတော် အရှင်သူမြတ်တို့အား  သြကာသ ကန်တော့ကျိုးဖြင့် ဦးခိုက်ကြည်ညိုကန့်တော့ပြီး ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခဲ့သည်။


ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်သင်္ဃန်း၊ ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ရန်ကုန်တိုင်းသံဃာနာယက ဥက္ကဋ္ဌ ဆရာတော်ဒိပိကဓရ အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ်ထံမှ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနားကြားခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခဲ့ပေးပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


အဆိုပါ”သာကေတမြို့နယ်ခန်းမ”အဆောက်အဦသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့သော   (ပေ၈၀ X ပေ၁၆၃ ) အကျယ်အဝန်းရှိကာ မြေဧရိယာ(၁.၅)ဧကပေါ်တွင် တည်ဆောက်ခဲ့သည့် ဘက်စုံသုံးခန်းမဖြစ်ကြောင်း သိရှိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)