နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအား ကွင်းဆင်းစစ်ဆေး

 


MNP - မေ   ၂၈


ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်လျှက်ရှိ သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့မွန်းလွဲ(၂)နာရီက နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် ရှမ်းစုကျေး ရွာအနီးရှိ ရှမ်းစုတံတားတည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ လမ်းအထူးအဖွဲ့(၆)မှ တာဝန်ရှိသူများက တံတားဆောက်လုပ်ပြီးစီးရန်အတွက် လိုအပ်ချက်များအားတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသည့် တံတား ဖြစ်၍ အမြန်ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။


ဆက်လက်၍ ရှမ်းစုကျေးရွာအနီးရှိ ဆင်အုံကန်ကုန်ထုတ် သမဝါယမအသင်းပိုင် ငါး မွေးမြူရေးကန်သို့ရောက်ရှိ၍ ဒေသဝမ်းစာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှအကျိုးပြု သည့်လုပ်ငန်းဖြစ်၍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် သမဝါယမဦးစီး ဌာနတို့ပူးပေါင်း၍ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် စနစ်တကျမွေးမြူနိုင်ရေးနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းတွင် ပါဝင်နိုင်ရေး ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ဆင်အုံကန်သို့ရောက်ရှိရာ ရေသိုလှောင်နိုင်မှုအခြေအနေ၊ ရန်အောင်မြင်ဆည်သို့ ရေပေးဝေ နိုင်မှုအခြေ အနေများကို တည်ဆောက်ရေး(၅)မှတာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ထို့ နောက် ဆင်အုံကန်အတွင်းသို့ ချောင်းမငယ်ရေဝင်ရောက်နေမှုအား သွားရောက်ကြည့်ရှုကာ ပိုလျှံရေများအား နွေစပါးစိုက်ဧက ရေပိုမိုရရှိရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)