တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

 








MNP - မေ  ၂၅


တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ လေးထပ်ကျောင်း၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ကျင်းပခဲ့သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းသည် သင်တန်းသူများအနေဖြင့် မိမိဘဝတက်လမ်းအတွက် အကျိုးရှိစွာ အသုံးချ နိုင်လိမ့်မည်ဟုယုံကြည်မိကြောင်း၊ “လူမှာအဝတ် တောင်းမှာအကွပ်” ဆိုသည့်စကားအတိုင်း လူတိုင်း၏ ဝတ်စားဆင်ယင်မှုသည်အရေးကြီးကြောင်း၊ စက်ချုပ်သင်တန်းသည်မိမိဘဝအတွက် ပုံမှန်ဝင်ငွေရရှိနိုင်သော အသက်မွေးဝမ်းကြောင်းပညာရပ်ဖြစ်သည့်အတွက် ဆက်လက်ပြီးလေ့ကျင့် ဆည်းပူသွားကြရန်လိုအပ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း စက်ချုပ်သင်တန်းကို ရပ်ရွာများတွင် ရှေ့ဆက်ပြီး ဖွင့်လှစ်သင်ကြားပေးရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်မြကသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး အိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင် ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာက အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များကို တတ်မြောက်ခြင်းဖြင့်ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ‌စေရေး၊ အမျိုးသမီးများ မိမိဘဝ မိမိရပ်တည်နိုင်ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်၊ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်‌စေရန်၊ နိုင်ငံတော်၏ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရန် စသည့်ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။


ဆက်လက်၍ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကျောင်းအုပ်ဆရာကြီးဦးဉာဏ်ဝင်းက ကျေးဇူးတင်စကားပြောကြား ပြီးတာဝန်ရှိသူများက သင်တန်းသူ(၃၀) ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးဦးယဉ်ထွေးက သင်တန်းတွင်ထူးချွန်သော သင်တန်းသူ(၁)ဦးအား စက်ချုပ်(၁)လုံးချီးမြှင့်သည်။


ယင်းနောက်သင်တန်းသူများ ကိုယ်စားသင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက သင်တန်းခန်းမအားလှည့်လည်ကြည့်ရှုအားပေးသည်။


ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသူ(၃၀)ဦးအား မေ(၉)ရက်နေ့မှ မေ(၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)