တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

 


MNP - မေ   ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေးများအား “ မည်သည့်ခွဲခြားမှုမှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့ ” ဆိုသည့် ဆောင်ပုဒ် အတိုင်း အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (မြို့နယ်အဆင့်) ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား / သူလေးများက     “ မြန်မာ့ကျောင်း ” သီချင်းသီဆို ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ခင်စမ်းရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား / သူ (၅၆၀၄)ဦးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်ဒါဇင် (၈၀၀၀) နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်စမ်းရီက လက်ခံရယူခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ထူးချွန်ဆု ရရှိခဲ့ကြသော ကျောင်းသား / သူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား / သူလေးများက “ ပညာ့ပန်းခင်း ” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။


အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် / မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး / ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား / သူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူ များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)