Pages

Pages

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ









MNP ၊ မေ  ၂၃

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြဋ္ဌာန်းထားပြီး ဖြစ်သည့် ယဉ်ကျေးမှု အမွေ အနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအား ဒေသခံပြည်သူများက သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ လိုက်နာမှုမရှိခြင်းများ၊ ချိုးဖောက်မှုများ မလုပ်မိရန်အတွက် ဒေသန္တရအမိန့် တစ်ခု ထုတ်ပြန်ပေးနိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ မိမိတို့ရခိုင်ပြည်နယ်အစိုးအဖွဲ့သို့ ညှိနှိုင်းလာပါကြောင်း၊ ထို့ကြောင့် ဒေသန္တရာအမိန့်ထုတ်ပြန်နိုင်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးပေးကြ စေလိုကြောင်းနှင့် မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ရောက် နိုင်ရေးအတွက် မိမိတို့အားလုံးက ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုကြောင်းပြောကြား သည်။

ဆက်လက်၍ ဒေသန္တရအမိန့်ထုတ်ပြန်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးနှင့် ပြည်နယ်ဥပဒေအရာရှိတို့က ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များကာ ကွယ်ထိန်းသိမ်းရေးကော်မတီနှင့် ဒေသဆိုင်ရာပြည်နယ်အဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး ဒေသဆိုင်ရာပြည်နယ်အဆင့် လုပ်ငန်းအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးနှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုအမွေ အနှစ်များကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်နေမှု၊ သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် ဆက်လက် ဆောင်ရွက်ရမည့်ကဏ္ဍများအား ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကော်မတီဝင်များက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပူးပေါင်းပါဝင်ဆောင်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား အကြံပြုဆွေးနွေးတင်ပြကြရာ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment