ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




MNP - မေ   ၂၆


ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် လျာထားချက် အတိုင်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်အတွင်းရှိ အသက် (၅) နှစ် နှင့် ( ၁၂ ) နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးသူငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် ဖြစ်နိုင်သည့်နေရာ များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ရွေ့လျားစနစ်ဖြင့် တိုးမြှင့်ဆောင်ရွက်ရန်နှင့်  သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က မေလ ၂၄ ရက်နေ့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံး၊ ရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် Video Conferencing ဖြင့် ကျင်းပသည့် အသက် (၅)နှစ်မှ (၁၂)အတွင်းရှိသော အခြေခံပညာကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးသူငယ် များအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ လမ်းညွှန်ချက်များနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြား ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ချင်းပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ၊ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် ၂၄.၅၂၀၂၂ ရက်နေ့အထိ အသက်(၁၈) နှစ်အထက် ရည်မှန်းအုပ်စုများနှင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအခြေအနေ၊ ချင်းပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်း၊ အသက်( ၅ ) နှစ်နှင့် ( ၁၂ ) နှစ်အတွင်း ကာကွယ်ဆေးထိုးရန် လျာထားဦးရေအတွက် ကာကွယ်ဆေး လိုအပ်ချက်စာရင်း၊ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများ မပျက်စီးစေရေးအတွက် မီးပုံမှန်ရရှိရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Monkeypox ရောဂါအကြောင်း သိကောင်းစရာများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့ဝင်မြို့ထွက် ဂိတ်များနှင့် ရွေ့လျားစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးကိစ္စနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် အမှန်တကယ်ထိုးနှံနိုင်မည့်ဦးရေနှင့် အနီးစပ်ဆုံး ဖြစ်အောင် စီမံချက်ရေးဆွဲတင်ပြရန် ညွှန်ကြားကြပ်မတ်မှုအခြေအနေနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ရက်အမီ စီမံချက်တင်ပြနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကလေးသူငယ်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးပါက သက်ဆိုင်ရာ ပညာရေးဌာနက VMIS စနစ်သို့ စာရင်းရေးသွင်းရန် ညွှန်ကြားထားရှိမှုနှင့် လိုအပ်ပါက သင်တန်း ပေးရေးကိစ္စ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုစာရင်းကို သေချာစိစစ်တင်ပြရေးတို့နှင့် ပတ်သက်၍လည်း ဖြည်စွက်ဆွေးနွေးပြီး၊ စစ်ဗျူဟာအခြေချ(ဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းက လုံခြုံရေးဆိုင်ရာများကို ဖြည့်စွက်ဆွေးနွေးကြသည်။


ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်တို့က ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပိုမိုထိုးနှံနိုင်ရေးကိစ္စ၊ ရွေ့လျား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ မပျက်စီးစေရေးအတွက် မီးပုံမှန်ရရှိရေးတို့နှင့် ပတ်သက်၍ အကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)