Pages

Pages

ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး



MNP - မေ   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွား ဖွံဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလစတင်၍ ခွင့်ပြုရန်ပုံငွေကျပ် (၃၇၄.၀၀၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဘုရားကလေး၊ အဝပြန်၊ ထိုင်ကူမြစ်တန်းကျေးလက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ လမ်းမှာ အရှည်(၁မိုင်၊ဝ.၇ဖာလုံ)၊ ထု(၇)လက်မနှင့်၊ အကျယ်(၁၂)ပေရှိပြီး၊ ဘုရားကလေး၊ ဂုံမင်းကွင်း၊ ကင်းချောင်း၊ ယမနေချောင်း၊ အဝပြန်၊ ထိုင်ကူမြစ်တန်း၊ ညောင်ချောင်း၊ လမုချောင်း၊ ကြိမ်ချောင်းကျေးရွာများသို့ ဆက်သွယ်ထားသော လမ်းဖြစ်ပြီး၊ အဆိုပါလမ်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment