‌ချောင်းဆုံမြို့နယ်၌ (၂၀၂၂-၂၀၁၃) ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

‌ချောင်းဆုံမြို့နယ်၌ (၂၀၂၂-၂၀၁၃) ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

 




MNP - မေ   ၃၁


မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်၉နာရီခွဲက ချောင်းဆုံမြို့နယ် ပညာရေးမှူးရုံးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းသားမိဘများ၊ မြို့နယ် မိခင်နှင့်ကလေး/အမျိုးသမီးရေးရာအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားကာ နိုင်ငံတော်မှ အခြေခံပညာကျောင်းများအတွက် အခမဲ့ဖြန့်ဝေပေးသည့် စာရေးကိရိယာများ သင်ရိုးညွှန်းတမ်း ပြဌာန်းချက်စာအုပ်များနှင့် မူလတန်းများအတွက် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများမှ လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမကြီးများက လက်ခံရယူခဲ့သည်။


ချောင်းဆုံမြို့နယ်တွင် အထက (၉) ကျောင်း၊ ထ-ခွဲ (၅) ကျောင်း၊ အလက (၂) ကျောင်း၊ လ-ခွဲ(၅) ကျောင်း၊ မူလွန် (၁၂) ကျောင်း၊ အမက (၇၈) ကျောင်း ၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း စုစုပေါင်း (၁၁၃) ကျောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)