ဒလမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 


MNP - မေ   ၂၅


ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပိုးလောက်လမ်း ဆေးဖျန်းခြင်းနှင့် ခြင်များခိုအောင်းနိုင်သည့် နေရာများတွင် ခြင်ဆေးဖျန်းခြင်းကို ယနေ့နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကျောင်းများတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင်   မြို့နယ်ကျန်းမားရေးဝန်ထမ်း ဒေါ်သိမ့်သိမ့်သွေးနှင့် အဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်ရှိ  အမက(၃)၊ အမက(၁၃)၊ အမက(၂၃)၊ အလက (၃) ကျောင်းများတွင် ပိုးလောက်လမ်း ပေါက်ဖွားနိုင်သည့် ရေတိုင်ကီများ၊ ရေကန်များတွင် abate ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ  အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - သီတာဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)