ဘူးသီးတောင်မြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ







MNP ၊ မေ ၂၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီနာရီခွဲ အချိန်က ဘူးသီးတောင်မြို့ အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းမေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မောင်တောခရိုင်၊ ခရိုင်ပညာရေးမှူး ဦးညီထွေးမှ အဖွင့်အမှာစကားပြောကြားပြီး ဘူးသီးတောင်မြို့နယ်ပညာရေးမှူးဦးမောင်တင်အောင်မှအထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။

    

အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊အလယ်တန်းနှင့်မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး( ၁၅၀) ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကာလမှာမေလ ၂၉ရက်မှ၃၀ရက်နေ့ ထိဖြစ်ကာ နေ့စဉ်နံနက်၉နာရီမှညနေ၄နာရီထိ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင် ထံမှ သိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)