Pages

Pages

မြောင်းမြမြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ


MNP - မေ  ၂၃


မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၊ သီဟရာဇာကုန်း၌ ခရိုင် သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပဿာဒအကျိုးများ ရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကိုယမန်နေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းတို့က ပျိုးပင်များအား တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင် သစ်တောဦးစီးဌာနမှ  ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။


မြောင်းမြမြို့ ၂၀၂၂ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင်    ကျွန်း(၁၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ မန်ဂျန်ရှား (၇၀၀)ပင်တို့အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment