ပြည်ကြီးတံခွန်မြို့နယ်တွင် ကျောင်းအပ်နှံရေး စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်တွင် ကျောင်းအပ်နှံရေး စတင်ဆောင်ရွက်

 




MNP - မေ  ၂၇


မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အခြေခံပညာကျောင်း (၂၅)ကျောင်းနှင့် ဘုန်း‌တော်ကြီးသင်ပညာ‌ရေးကျောင်း(၂၄)ကျောင်းတွင် ယမန်နေ့မှစတင်၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်စတင် လက်ခံလျက်ရှိသည်။


ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံ၊ ဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းနှင့် အဆိုပါ ကျောင်းအပ်လက်ခံရာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးလျက်ရှိသည်။


ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)