Pages

Pages

ပညာရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာ



ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေရှင့် -

သမီးက မဟာနောက်ဆုံးနှစ် ကျမ်းပြုစုနေတဲ့ ကျောင်းသူပါရှင့်၊ 

၂လပိုင်း ၁၃ရက်နေ့မှာ ဖြေဆိုခဲ့တဲ့ တက္ကသိုလ် နည်းပြ သရုပ်ပြစာမေးပွဲမှာ M2/ M1 တက်နေဆဲသာမက H3 ပြီးပြီးသားတွေပါ ခေါ်စာတွေ့တော့ ဝင်လျှောက်ခဲ့ပါတယ်။ အပတ်တကုတ်ကြိုးစားရင်းပေါ့။


ခြိမ်းခြောက်မှုတွေကြား၊ ကိုယ့်နောက်က ဘယ်အချိန်များ ချောင်းရိုက်လာမလဲ အတွေးနဲ့၊ ခေါင်းလေးတကြုတ်ကြုတ်

ပခုံးလေးတကုတ်ကုတ်နဲ့ (လည်ဖြတ်လာမှာကြောင့် လည်ပင်းမြုတ်အောင် ပခုံးကိုကုတ်ထားခဲ့ရတဲ့အချိန်တွေပါ)

အခက်ခဲတွေကြားထဲက ဖြေခဲ့ရတဲ့ နည်းပြသရုပ်ပြစာမေးပွဲပါ။


ခြိမ်းခြောက်တာတွေကတစ်ဖက် အိုမီခရွန်ကိုကြောက်ရတာက တစ်ဖက်နဲ့ သေရာပါအောင်ကြိုစားခဲ့ရပြီး ရေးဖြေ နှုတ်ဖြေအားလုံးဖြေနိုင်ခဲ့ပါရက်နဲ့ တကယ်ခေါ်သွားတော့ မနှစ်က ဝင်မဖြေခဲ့တဲ့ မဟာပြီးပြီးသားတွေပါသွားခဲ့တယ်။


ဆယ်တန်းကတည်းကနေ တက္ကသိုလ်ပထမနှစ်/ မဟာကျမ်းပြုစုနေတဲ့အချိန်ထိ ဘဝမှာတစ်ခါမှစာမေးပွဲ မကျခဲ့ဖူးဘူး။ အခုနည်းပြ သရုပ်ပြမှပဲ အားလုံးဖြေနိုင်ရက်နဲ့ ကြ တော့တယ်။ ကျွန်မပြောချင်တာက မဟာပြီးပြီးသားတွေပဲ ခေါ်မှာဆိုရင် ဘာလို့အစကတည်းက ကျမ်းပြုစုနေတဲ့ ကျွန်မလို လူတွေရော  h3 ပြီးပြီးသားအထိပါ ဆင်းခေါ်ပြီး မျှော်လင့်ချက်ပေးခဲ့ရတာလဲရှင့်။


အဲ့အတွက်ရော ဘာတွေဆက်လုပ်ပေးသွားဖို့ရှိလဲရှင့်။ အခုကျွန်မ အခုကျမ်းပြုစုနေတာ ၇လပိုင်းမှာ ပြီးပါတော့မယ်။ Masterပြီးပါတော့မယ်ရှင့်။


အကြီးကြီးရိုက်ချိုးခံလိုက်ရတဲ့ ကျွန်မရဲ့စိတ်ဓာတ်ကတော့ ဟိုးအောက်ဆုံးထိ ကျသွားတဲ့အတွက်၊ အဲ့အတွက် ပညာရေဝန်ကြီးမှာတာဝန်ရှိတယ်လို့ ခံယူထားလို့ ဘယ်လိုပြန်ကုစားပေးဖို့ဆုံးဖြတ်ထားပါသလဲ ပညာရေးဝန်ကြီးရှင့်။


https://t.me/MyanmarNationalPost

No comments:

Post a Comment