တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီနှင့် ကာရာအိုကေလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီနှင့် ကာရာအိုကေလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

 




MNP - မေ   ၃၁


ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီးဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီနှင့် ကာရာအိုကေလုပ်ငန်းရှင်များတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက ကိုဗစ်-၁၉ ကာလအတွင်း ကာရာအိုကေဆိုင်များပိတ်ထားရာမှ ယခုအခါတွင်ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းလာပြီးဖြစ်သောကြောင့် ဆိုင်များပြန်လည်ဖွင့်လှစ်ရပြီးဖြစ်၍ ဖွင့်လှစ်ရသည့်အချိန်တွင် ဗီဒီယိုလုပ်ငန်း လိုင်စင်စာချုပ်ပါ စည်းကမ်းချက်များအား လိုက်နာရမည်ဖြစ်ကြောင်း၊ လိုင်စင်သက်တမ်း မတိုးသော ဆိုင်များ သက်တမ်းတိုးရမည်ဖြစ်ပြီး သက်တမ်းမတိုးသောဆိုင်များပိတ်သိမ်းရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်းဒဏ်ကြေးကင်းလွှတ်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ သက်တမ်းတိုးလျှောက်ထားရာတွင်ထောက်ခံစာအပြည့် အစုံပါရှိရမည်ဖြစ်ကြောင်း၊ ဆိုင်များဖွင့်လှစ်ရာတွင်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ဆိုင်များဖွင့်လှစ်ရမည့်ရက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံတင်ပြပြီး အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိပါက ယခုတွေ့ဆုံပွဲတွင် တင်ပြပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက်ကော်မတီဝင်များက အခွန်ဆိုင်ရာကိစ္စရပ်များ၊ လိုင်စင်လျှောက်ထားမှုနှင့် လိုင်စင်လျှောက်ထားရာတွင်ပါရှိရမည့်အချက်များ၊ သက်တမ်းတိုးရာတွင်ပါရှိလာရမည့်အချက်များ၊ ယစ်မျိုးဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း၊ ယစ်မျိုးလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား စသည်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ကာရာအိုကေလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရသည်။


သတင်း - ရွှေပင်လယ်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)