Pages

Pages

ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခြေခံပညာကျောင်းများသို့သွားရောက်ကာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်










MNP ၊ မေ  ၂၈

မြန်မာနိုင်ငံတစ်ဝန်းတွင် ဇွန်လ(၂)ရက်နေ့၌ အခြေခံပညာကျောင်းများအားလုံး တစ်ပြိုင် နက်တည်း စတင်ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများတွင် တက် ရောက်ပညာသင်ယူကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေး နှင့် ကျောင်းပတ်ဝန်းကျင်  သန့်ရှင်းစိုပြည်သာယာလှပရေးတို့အတွက် ယနေ့ နံနက်ပိုင်းက ဌာနဆိုင် ရာပူးပေါင်းအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများသို့သွားရောက်ကာ စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ 


ထိုသို့ဆောင်ရွက်ရာတွင် တပ်နယ်မှ ဗျူဟာမှူးကြီးဦးဆောင်သော နယ်မြေခံတပ်ရင်းတပ်ဖွဲ့ များမှ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့၊ ကျောက်ဖြူခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် သတ်မှတ်စုရပ်နေရာအသီးသီးသတ်မှတ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်ဦးဆောင်သည့်ပူးပေါင်းအဖွဲ့မှ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ခရိုင်ပညာရေးဌာနမှ ဦးဆောင်သည့်ပူးပေါင်းအဖွဲ့မှ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ရေ ကြောင်းပို့ဆောင်ရေးဌာနမှ ဦးဆောင်သည့်ပူးပေါင်းအဖွဲ့မှ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းများသို့သွားရောက်ပြီး ၎င်းကျောင်းများ၏ ကျောင်းဝင်းအတွင်း/အပြင်အား တံမြက်စည်း လှည်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များကိုအမှိုက်အိတ်များထဲသို့ထည့်ကာ သတ်မှတ်နေရာများ သို့ပို့ဆောင်ပေးခြင်းနှင့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းအား စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။ 


ထိုသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment