ရှမ်းရွာသစ်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်



MNP - မေ  ၂၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့မြို့အင်္ဂါရပ်နှင့်အညီလှပဖွံ့ဖြိုးတိုးတက်ရေးအတွက်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေ ရင်းရန်ပုံငွေကျပ် (၁၈၈၈၁၀၀၀၀/-)ဖြင့် အရှည်(၄၂၀)ပေ၊ အမြင့်(၂)ပေနှင့် အကျယ်(၂)ပေရှိ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း(၄)ခု၊ ရေမြောင်းအဖုံးလုပ်ငန်း(၅)ခု၊ ရေဂါလန်(၇၀၀)ဆန့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ပျိုးဥယျာဉ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းတို့ကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ရေနှုတ်မြောင်းများ ယခင်ကထက်ရေစီး ရေလာပိုမိုကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသွားမည်ဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ဇင်လေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)