Pages

Pages

ပေါက်တောမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ‌ ကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများအား ကျောင်းအပ်နှံ လက်ခံလျက်ရှိ








MNP ၊ မေ  ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တစ်မြို့နယ်လုံးရှိ အ‌‌ခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများတွင် ကျောင်းသူ/ကျောင်းသားများအား ယနေ့ နံနက် (၁၀)နာရီကစတင်၍ ကျောင်းအပ်နှံ လက်ခံပေးလျက်ရှိသည်။

ကျောင်းသား/ကျောင်းသူများ လက်ခံရာတွင် ကျောင်းသားမိဘများက ကိုယ်တိုင်ကိုယ်ကျလာရောက်အပ်နှံကြပြီး  ဆရာ/ဆရာမများက လိုအပ်သည်များကိုဆောင်ရွက်ပေးကြသည်။ပေါက်တောမြို့နယ်တစ်ခုလုံးရှိ  အ.ထ.က-ပေါက်တောကျောင်းအပါအဝင် အ.ထ. က(၁၀)ကျောင်း၊  အ.ထ.က-ခွဲ(၂၆) ကျောင်း၊ အလယ်တန်းကျောင်း (၁၃)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၃၀)ကျောင်း၊ မူလွန် (၃၃)ကျောင်း ၊မူလတန်း (၅၁)ကျောင်း၊မူလတန်း-ခွဲ (၈) ကျောင်း တို့အပါအဝင်စုစုပေါင်းကျောင်းပေါင်း (၁၇၀)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း (၁၄)ကျောင်း၊ဒုက္ခသည်စခန်း 

(၄)ခုတို့တွင် မေလ (၂၆ )ရက်နေ့မှစတင်၍  ဇွန်လ(၁)ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး၊  ကျောင်းအပ်နှံ ကြသည့် ကျောင်းသူ၊ကျောင်းသားများအား အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့်ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းအသုံးဆောင်ပစ္စည်းများကိုအခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment