Pages

Pages

ပြင်ဦးလွင်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြင်ဦးလွင်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ





MNP - မေ  ၂၅            


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်နှင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြားပြီးပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးမှ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများအား  ရှင်းလင်းတင်ပြပြောကြားခဲ့သည်။


ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်ကလမ်းညွှန်မှာကြားခြင်းနှင့်  နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment