Pages

Pages

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ် သင်တန်းဖွင့်လှစ်



MNP ၊  မေ   ၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီးတစ်ဦးချင်းဝင်ငွေတိုးတက်လာစေရေးကို ရည်ရွယ်လျက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ရမ်းဗြဲမြို့နယ်၊ YB-ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် ဖွင့်လှစ်ကြသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ထိန်တွေကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှအဖွင့်အမှာစကားပြောကြားပြီးနောက် ဆက်လက်၍ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ ကျေးလက်ဒေသများတွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ယခုဖွင့်လှစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်းကိုသင်တန်းသူ  ၂၀ဦးတက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၁)ရက်ပို့ချသင်ကြားပေးမည်ဖြစ်ရာ သင်တန်းချိန်ကို သင်တန်းကာလအတွင်းနံနက် ၁၁ နာရီ မှ ညနေ ၄ နာရီထိသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment