Pages

Pages

ကျုံ‌‌ပျော်တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 


MNP - မေ   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း ရာနှုန်းပြည့် ကျောင်းအပ်နှံရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်က မြို့အဝင် အင်းရဲလမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊  ဆရာ ဆရာမများ စုစုပေါင်း လူအင်အား (၅၀)ဦးတို့ဖြင့် အင်းရဲလမ်းနှင့် တာသစ်လမ်းတို့၌ သွားလာကြသော ပြည်သူများ၊ ဈေးရောင်း/ဝယ် လာရောက်သူများထံသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အသိပညာပေး လုပ်ငန်းများအား နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။


ကျုံပျော်မြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိ စေရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာများ စိုက်ထူခြင်း၊ ပညာပေး လက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်း စသည့် ပြည်သူသို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ ကျောင်းအပ်နှံရေးအတွက် အခြေခံပညာ အထက်တန်းကျောင်း (၁၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း (၂၀) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)၊ မူလတန်း(လွန်)နှင့် မူလတန်းကျောင်း (၂၀၆) ကျောင်း၊ စုစုပေါင်း (၂၅၁) ကျောင်းတို့တွင် မေလ(၂၆)ရက်နေ့မှ စတင်ကာဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment