ရွှေကျင်မြို့နယ်တွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်တွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနား ကျင်းပ





MNP - မေ   ၁၉


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရွှေကျင်မြို့နယ် ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝေက ဦးဆောင်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သောင်း အ-ထ-က (ရွှေကျင်) ကျောင်းအုပ် ဆရာကြီးနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းများမှ ကျောင်းအုပ်‌ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံရာတွင် မည်သည့်ငွေကြေးမှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များကို အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူး ဦးညွန့်ဝေထံမှ သိရသည်။


သတင်း - ထွန်းထွန်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)